“S11 ကို ထပ်တလဲလဲ အနိုင်ယူခဲ့တဲ့ Falcon Esports “

M4 World Championship ပြိုင်ပွဲကြီးရဲ့ Lower Bracket ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာကိုယ်စားပြု Falcon Esports အသင်းနဲ့ အာဂျင်တီးနားနိုင်ငံကိုယ်စားပြု S11 Gaming တို့ရဲ့ Bo3 ပွဲစဉ်မှာတော့ Falcon Esports က 2 – 0 ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိပြီး Lower Bracket နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ပွဲပြီးသုံးသပ်ချက်ကိုလည်း အခုလိုပဲတင်ဆက်ပေးလိုက်ရပါတယ်….

 

Game 1

အရင်က Kennနဲ့ မတူတဲ့ စိတ်ရှည်တဲ့ Kennကို တွေ့ခဲ့ရပြီး မသေချာရင် Ultiပါ မသုံးတဲ့ Fannyနဲ့အတူ ပွဲထွက်ခဲ့ပါတယ် ။ Early Game Hero Killတွေ ရနေခဲ့တာနဲ့အတူ Damageကလည်း Heroတစ်ကောင်ပြတ်ဖို့အတွက် လုံလောက်နေခဲ့ပါတယ် ။ S 11ရဲ့ Erwin ရဲ့ Chou နဲ့ Papadog ရဲ့ M4မှာ တွေ့နေကျ benedetta က Fanny ရဲ့ Purple Buffကို တောက်လျှောက် ဝင်နှောက်နေခဲ့ပြီး Kennအနေနဲ့ အခက်နေခဲ့ရပါတယ် ။ Naomiက Kajaကိုင်ထားတဲ့ အနေအထားမှာလည်း သူ့ရဲ့ Play Styleအတိုင်းပဲ တစ်ကောင်ရ တစ်ကောင် Divine Judgementနဲ့ ဆွဲပေးနေခဲ့ပြီးတော့ Yfအနေနဲ့လည်း Spellတော်တော်များများကို စားပေးနေခဲ့တာလည်း Falconအတွက် Battleဆိုင်ရတာ ကောင်းစေပါတယ် ။ S11 Gamingဘက်ကလဲ Network ပိုင်းနဲ့ Tower Pushingပိုင်းတွေကို Falcon Esportsထက်တောင် သာအောင် ဆော့ပြနိုင်ခဲ့ပါတယ် ။ Second Lordမှာ Kennအနေနဲ့ Fannyရဲ့ mobility ကို အကောင်းဆုံးအသုံးချခဲ့ပြီး Lordရရှိသွားတဲ့ အချိန်က စပြီး Falcon Esports တရစက် ထိုးစစ်ဆင်ခဲ့ကာ Zippxကျသွားတဲ့ Battleမှာတောင် S 11အနေနဲ့ Damageတွေကို ဘယ်လိုမှ မခံစားနိုင်ပဲ Game 1ကတော့ Falcon Esports အတွက်ပဲဖြစ်သွားခဲ့ပါတယ် ။

 

Game 2

Falcon ဘက်က Hero 3ကောင်လောက်ပဲ အပြောင်းအလဲ လုပ်ခဲ့ပြီးတော့ S 11အနေနဲ့ သူမကို မမေ့နိုင်တဲ့ ကျွန်တော့်လိုပဲ Valentinaကို ထပ်ပေးခဲ့ပါတယ် ။ Game 2မှာ Falcon အသင်းအနေနဲ့ Networkပိုင်းတွေ Earlyပိုင်းမှာထဲက တောက်လျှောက်သာနေခဲ့ပြီး   Tower Pushingပိုင်းမှာလည်း ပိုသာနေခဲ့ပါတယ် ။ Falconအနေနဲ့ Game 2မှာ Falconနဲ့တူအောင် တစ်ဖက်အသင်းကို တောက်လျှောက် ဖိအားပေးခဲ့ပြီး Frist Lordနဲ့အတူ Endဖို့ထိ ကြိုးစားခဲ့ပါတယ် ။ S 11အနေနဲ့ Mid Laneက Creep Waveနဲ့အတူ တက်လာတဲ့ Falcon Esportsကို ဟန့်တားဖို့ကြိုးစားခဲ့ပေမယ့် Papadogရဲ့ Yu Zhongက Battleစဖို့ လောသွားတာနဲ့ တပြိုင်ထဲ Hero Killပေးလိုက်ရပြီး  Falcon ဘက်ကလဲ Battle Starterမရှိတော့တာနဲ့တောက်လျှောက် Hero Killတွေ လိုက်ယူရင်း Throneရိုက်ခွဲနေခဲ့ရင်း Game 2မှာပါ ထပ်အနိုင်ယူကာ Lower Bracketရဲ့ နောက်တစ်ဆင့်ကို ယှဉ်ပြိုင်သွားရတော့မှာပဲဖြစ်ပါတယ် ။

 

MLBB ပရိသတ်တွေစောင့်မျှော်နေတဲ့ M4 ပြိုင်ပွဲကြီးရဲ့အကြိတ်အနယ်ဖြစ်လာမယ့်ပွဲစဉ်တွေကို Mahar Esports TV ရုပ်သံလိုင်းမှာ တိုက်ရိုက် ( Live ) တင်ဆက်ပြသနေတဲ့အတွက် ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ။

Leave a Reply