အိပ်မက်လေးတစ်ခုသာ တကယ်ဖြစ်ခဲ့မယ်ဆိုရင်……..
M4 World Championship ပြိုင်ပွဲကြီးရဲ့ Upper Bracket Semi-final ပွဲမှာ Falcon နဲ့ Echo တို့သာ တွေ့ဆုံခဲ့ရမယ်ဆိုရင် MLBB ပရိသတ်တွေအတွက် အင်မတန်ကိုကြည့်ကောင်းမယ့် ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်လာနိုင်ပြီး ပြိုင်ပွဲရဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်လာမယ့် ပွဲတစ်ပွဲဆိုရင်လဲမမှားပါဘူး။ …. မင်မင်တို့ အိပ်မက်တွေ အရမ်းများကြီးသွားမလား မသိဘူးနော်????? Falcon ရဲ့ပထမဆုံး အောင်နိုင်မှုလို့ဆိုနိုင်တဲ့ “အသင်းတစ်သင်းကို၂ခါမရှုံးဘူး”ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အမောက်ထောင် နေတဲ့ M3 World Champion အသင်း Blacklist International ကို အမှားကင်းစွာနှင့်အနိုင်ယူခဲ့ပြီးပြီဖြစ်ပါတယ်။ ဒုတိယပန်းတိုင်အနေနှင့် MSC 2022 တုန်းကအကြွေးတွေပြန်ဆပ်ချင်နေတဲ့ Onic Esports Indonesia အသင်း နှင့်ဆက်လက်ဆော့ကစားသွားရမှာဖြစ်ပါတယ်။Onic Esports ဟာလည်း ဖိလစ်ပိုင်နိုင်ငံမှ(16)နှစ်သား Kairi နှင့်အတူ အသင်းကို သွေးသစ်ပြန်လောင်းခဲ့ပြီး တဖန်ပြန်လည်တောက်ပလာခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒီ(၂)သင်းထိပ်တိုက်တွေ့ဆုံမှုဟာ အလွန်ကြည့်ကောင်းမယ့်ပွဲကောင်းတစ်ပွဲဖြစ်မှာတော့အမှန်ပါပဲ။ (ပရိသတ်ကြီးတို့လဲအသင်းစွဲမထားပဲ international ပွဲမှာမြန်မာ့ဂုဏ်ဆောင်နေတဲ့ မြန်မာဆိုတာဘယ်လို အသင်းမျိုးပါဆိုတာကိုသက်သေပြနေတဲ့ Falcon Esports ကိုအားပေးမို့မေတ္တာရပ်ခံအပ်ပါတယ်။) Echo ကလည်း လုံးဝကိုလျော့တွက်လို့မရတဲ့ အသင်းတစ်သင်းဖြစ်တဲ့အပြင် မြန်မာအသင်းပါမှ M series World Championship မှာ ဝင်ဆော့မယ်ဆိုတဲ့ Karltzy လည်းပါဝင်နေခြင်းကြောင့်ဖြစ်ပါတယ်။(ဟီးဟီးစတာပါရှင့်) ဒါ့အပြင် Sixth Sense ပါရှိနေတယ်လို့ တင်စားခြင်းခံထားရတဲ့ Yawi နှင့် ၁၆နှစ်သား Sanji တို့ပါဝင်နေတဲ့ On Fire ဖြစ်နေတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။admin အမြင်ရတော့ Echo ဟာ Team HAQ ကို Clean sheet နဲ့အပြတ်အသတ်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ဆိုတော့ Falcon သာ Onic ကိုအနိုင်ရခဲ့ပြီး Echo ကိုသာ အနိုင်ရခဲ့မယ်ဆိုရင်ဖြင့် သေချာတာကတော့မြန်မာအသင်း Falcon Esports ဟာ M4 အတွက် World Champion ပါပဲလို့ ယုံယုံကြည်ကြည်လက်ခံပြီး ကျန်ရှိနေတဲ့ပွဲစဉ်ကို ညီမတို့ Mahar Esports TV Channel နှင့်အတူ ဆက်လက်အားပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင့်။  

Leave a Reply