Mahar Esports ကနေ ဦးစီးကျင်းပသွားမယ့် Myanmar နိုင်ငံရဲ့ ပထမဦးဆုံး Talent Competition Championship
Official Caster ဖြစ်ချင်တဲ့ Talent ရှိပြီး အခွင့်အရေးမရသေးသလို ဖြစ်ခွင့်မရသေးတဲ့သူတွေအတွက် Mahar Esports ကနေ ပထမဦးဆုံး အကြိမ်အဖြစ် Talent Competition Championship ကို ပြုလုပ်ကျင်းပသွားတော့မှာပဲ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ဒီပြိုင်ပွဲယှဉ်ပြိုင်သူတွေအနေနဲ့ အခွင့်အရေးကြီးတစ်ခုကို ရရှိမှာလည်း ဖြစ်ပါတယ်။ အဲ့ဒါကတော့ Moonton ကနေ Official ကျင်းပမယ့် MSC Myanmar Qualifier ရဲ့ Official Talent အဖြစ်ပါဝင်သွားရမှာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာတော့ Official Caster ဖြစ်ချင်သူတွေအပြင်၊ ရွက်ပုန်းသီး Caster တွေပါ ပါဝင်နိုင်မှာလည်းဖြစ်ပြီး Caster ဖြစ်ချင်သူတိုင်းရဲ့ အိမ်မက်ဖြစ်တဲ့ Official Caster ဖြစ်ခွင့်တွေလည်း ရှိနေမှာဆိုတော့ ဒီပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ တိုးတက်ချင်ပြီး နေရာမရသေးတဲ့ လူငယ်တွေအတွက် Mahar Esports ကနေ Talent Competition Championship (Season 1) ကို ကျင်းပလိုက်ပါတယ်။
ကိုယ့်ရဲ့ အစွမ်းအစတွေကို ချပြလိုက်ဖို့အတွက်
ပြိုင်ပွဲဝင်ရန် Registration Form Link
ပြိုင်ပွဲအတွက် သိသင့်သိထိုက်သော စည်းမျဉ်းစည်းကမ်းများ
Mahar Esports ကနေ အသစ်အသစ်သော ပြိုင်ပွဲတွေ၊ အစီအစဉ်တွေကို ပြုလုပ်ကျင်းပပေးနေတာဖြစ်လို့ လက်မနှေးပဲ မြန်မြန် Register တင်လိုက်တော့နော်…

Leave a Reply