ဆော့ကိုဆော့သင့်တဲ့ Must Play ဂိမ်းများ – Resident Evil 7 : Biohazard
Resident Evil 7 ကတော့ 2017 ခုနစ်ကထွက်ရှိခဲ့တဲ့ Survial Horror Game အမျိုးအစားတစ်ခုဖြစ်ပြီးတော့ Capcom က Game Engine အနေနဲ့ RE Engine ကိုပါဖန်တီးခဲ့ပြီး Resident Evil ထဲ ထည့်သွင်းအသုံးပြုကာ အတူတကွ မိတ်ဆက်ထုတ်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။ Capcom ကတော့ Resident Evil Game တွေ အပြင် Monster Hunter, Street Fighter, Mega Man, Devil May Cry နဲ့ Dead Rising တို့လို နာမည်ကြီးဂိမ်းကောင်းတွေအများကြီးကို ဖန်တီးထုတ်လုပ်ထားပါ‌သေးတယ်။ Gameplay မှာဆိုရင်တော့ Main Character အနေနဲ့ သင်က “Ethan Winters” နေရာကနေ First-person perspective နဲ့ဆော့ကစားရမှာပဲဖြစ်ပါတယ်။ Storyline အရ “Ethan Winters” အနေနဲ့ အကြာကြီးပျောက်ဆုံးနေတဲ့ သူရဲ့မိန်းမ “‌Mia” ကိုရှာ‌ဖွေရင်း စွန့်စားမှုတွေပြုလုပ်ရမှာပါ။ Puzzle တွေနဲ့ Survival Horror ကို ဟန်ချက်ညီညီပေါင်းစပ်ထားတဲ့ Action-adventure ဂိမ်းတစ်ခုဆိုလဲမမှားပါဘူး။ Control ပိုင်းမှာဆိုလည်း ရိုးရှင်းပြီး၊ Reticle နှင့် User Interface ကလည်း ရိုးရှင်းသေသပ်တာကြောင့် မြင်သမျှတွေ့သမျှတွေကို အပြည့်အဝခံစားရမှာဖြစ်ပါတယ်။ Gameplay နဲ့ Graphic ကလည်း ပေါ့ပါးသွက်လက်တာမလို့ ပစ်ရခတ်ရတာ အားရစေမှာဖြစ်ပြီး ကစားတဲ့ Player ကို Horror Vibe အသေအချာပေးနိုင်မှာပါ။ Steam မှာလည်း March 23 ရက်နေ့ထိ မူရင်းဈေး $19.99 USD ကိုမှ -60% ထိလျော့ချထားတာဆိုတော့ $7.99 USD နဲ့ သက်သက်သာသာဝယ်ဆော့လို့ရနေပြီနော်။ အခြားဆော့ကိုဆော့သင့်တဲ့ Must Play ဂိမ်းအစုံကို တင်ပြဖို့ရှိတာကြောင့် Mahar Esports Page ကို Like & Follow လုပ်ခဲ့ကြနော်။ #mahar_esports #must_play_games #resident_evil_7 #survival_horror #survival _horror_games #mahar #capcom_games

Leave a Reply