M Series Title 2 ခုပိုင်ဆိုင်ထားပြီးဖြစ်တဲ့ KarlTzy
အားလုံးသိရှိပြီးတဲ့အတိုင်း လောလောလတ်လတ်မှ ပြီးဆုံးသွားတဲ့ M4 World Championships Title ကိုတော့ ဖိလစ်ပိုင် အသင်း Echo က M3 Champions အသင်းဖြစ်တဲ့ Blacklist international အသင်းကို 4-0 ဆိုတဲ့ရလဒ်နှင့်အနိုင်ယူခဲ့ပြီးပြီဖြစ်တယ်။ Echo မှာ Jungler အဖြစ်ဆော့ကစားနေတဲ့ Karltzy ဟာ 2021 စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ M2 World Champion မှာလည်း Champion ဆုကိုဆွတ်ခူးခဲ့ဖူးတဲ့ ပထမဆုံး M Series Title ၂ခုကိုပိုင်ဆိုင်ထားတဲ့ ပထမဆုံးကစားသမားဖြစ်ပါတယ်။ M2 တုန်းကတော့ Bren Esports မှာ hyper player အဖြစ်ဝင်ရောက်ဆော့ကစားခဲ့ပြီး Lancelot နှင့်တစ်ကွက်ပြခဲ့တဲ့ player ပဲဖြစ်ပါတယ်။ KarlTzy ဟာ 2021 M2 အပြီးမှာတော့ Bren Esports နှင့်အတူအကျအရှုံးများခဲ့ပြီး နှစ်ကုန်ခါနီးမှာ Bren Esports ကထွက်ခွာခဲ့ပါတယ်။ အခုလက်ရှိ Echo အသင်းကိုတော့ 2022 နှစ်စပိုင်းမှာဝင်ရောက်ဆော့ကစားခဲ့ပြီး အသင်းနှင့်အသားမကျမှုကြောင့်ပဲ MPL PH S9 ကိုတော့ 5th place နှင့်သာကျေနပ်ခဲ့ရပါတယ်။M4 မတိုင်ခင် MPL PH Season 10 မှာတော့ ယခုလက်ရှိလူစရင်းနှင့် Grand Final ကိုတက်ခဲ့ပေမဲ့လည်း ကံမကောင်းစွာနှင့် Blacklist international ကို 4-2 နှင့်ရှုံးနိမ့်ခဲ့ရပါတယ်။အခု M4 မှာတော့ 18နှစ်သာ ရှိသေးတဲ့ KarlTzy ဟာ Blacklist International အသင်းကို Echo နှင့်အတူပြန်လည် ကလဲ့စားချေနိုင်ခဲ့ပြီး M2,M4 World Champion ၂ဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီးပြီဖြစ်ပါတယ်။အသက်ငယ်သေးပေမဲ့ Experience များတဲ့ player ဖြစ်တဲ့အပြင် ဆုကြေးပေါင်း 124,341 USD ပိုင်ဆိုင်ထားပြီးပြီလည်းဖြစ်ပါတယ်။Pro Player ဖြစ်ချင်တဲ့ညီငယ်တွေအတွက် စံနမူနာထားလို့ရတဲ့ Player ပဲဖြစ်ပါတယ်။  

Leave a Reply