R7 ရဲ့အိမ်မက်တွေတကယ်ဖြစ်ခဲ့ပြီပဲ….

MSC မှာကျွန်တော်တို့မြန်မာကိုယ်စားပြုအသင်းဖြစ်တဲ့ Falcon ဟာလက်စွမ်းတွေပြခဲ့ပြီးနောက် International အသင်းတွေကြားမှာ Darkhorse ဆိုတဲ့ဂုဏ်ပုဒ်နှင့်အတူတင်စားခြင်းခံခဲ့ရပါတယ်။ယခု M4 မှာလည်း မထင်ရင်မထင်သလိုထပြတက်ပြီး Outplayed တွေနှင့်အတူ Crowd Reaction အများဆုံးအသင်းလည်းဖြစ်ပါတယ်။Falcon အသင်းဟာမနေ့က တူရကီအသင်း Incendio Supremacy အသင်းနှင့် အကြိတ်အနယ်ဆော့ကစားခဲ့ပြီး 3-2 ဆိုတဲ့ရလဒ်နှင့်အတူ နောက်တစ်ဆင့်ကိုတက်လှမ်းသွားခဲ့ပါတယ်။ဒီတစ်ခါတော့ Upper Bracket မှာ Blacklist International ကို 3-2 နှင့် ရှုံးနိမ့်ခဲ့တဲ့ အိမ်ရှင်အသင်း RRQ Hoshi နှင့်ဆော့ကစားရတော့မှာပဲဖြစ်ပါတယ်။

 

အိမ်ရှင်အသင်းဖြစ်တဲ့အတွက်ကျွန်တော်တို့မြန်မာအသင်းဟာ Stage pressure ဒဏ်ကိုတော့ကောင်းကောင်းကြီးခံနိုင်မှရမယ်။ဒါ့အပြင် RRQ Hoshi ဟာ Fan base အတောင့်ဆုံး အသင်းဖြစ်တဲ့အပြင် MSC မှာတုန်းက RSG PH ကို 3-1 ဆိုတဲ့ရလဒ်နှင့်အနိုင်ယူပြီးနောက် interview အစီအစဉ်တစ်ခုမှာလဲ Exp laner တွေရဲ့အချစ်တော်ကြီး R7 ဟာ မြန်မာအသင်း Falcon Esports နှင့်ဆော့ကစားချင်ပါတယ်လို့ ဖြေကြားသွားခဲ့ဖူးပါတယ်။MSC မှာတော့ မြန်မာအသင်းဟာ ကံမကောင်းစွာနှင့်ပဲ RRQ Hoshi နှင့်ထိပ်တိုက်မတွေ့ဆုံပဲ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။ဒီတစ်ခါမှာတော့ R7 ရဲ့ဆန္ဒအတိုင်း Falcon Esports ဟာ ၁၃ရက်နေ့မနက်၁၀နာရီခွဲမှာ ထိပ်တိုက်တွေ့ဆုံရမှာဖြစ်ပြီး Falcon အတွက်တော့လွယ်ကူမယ့်ပွဲတစ်ပွဲမဟုတ်တာတော့အမှန်ပါပဲ။ပွဲPressure ဒဏ်ကိုခံနိုင်ပြီး အမှားကင်းစွာနှင့်နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ပါစေလို့ ကျွန်တော်တို့ Mahar Esports ကဆုတောင်းပေးလိုက်ပါတယ်။

 

ဒီပွဲစဉ်တွေမှာလည်း ဘယ်အသင်းတွေက အနိုင်ရရှိပြီးနောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်မလဲ???? မြန်မာကိုယ်စားပြု Falcon အသင်းအနေနဲ့ အနိုင်ရလဒ်ကို စွမ်းဆောင်ပေးသွားနိုင်မလား????ဆိုတာတွေအပြင် MLBB ပရိသတ်တွေစောင့်မျှော်နေတဲ့ M4 ပြိုင်ပွဲကြီးရဲ့အကြိတ်အနယ်ဖြစ်လာမယ့်ပွဲစဉ်တွေကို တိုက်ရိုက် ( Live ) ကြည့်ရှုနိုင်ဖို့အတွက် Mahar Esports TV ရုပ်သံလိုင်းမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ။

Leave a Reply