Falcon ကိုရိုက်ချိုးခဲ့တဲ့ Incendio Supermacy က M4 အသင်းတွေအတွက်အိပ်မက်ဆိုးလား
Incendio Supermacy ဆိုတာက တူရကီနိုင်ငံမှာ ကျင်းပတဲ့ Türkiye Şampiyonası 2022 ရဲ့ Champion အသင်းတစ်သင်းဖြစ်ပါတယ်။အသင်းက 2021 ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး 2022 ခုနှစ်မှာတော့ player အပြောင်းအလဲများပြုလုပ်ခဲ့ပါသေးတယ်။ လက်ရှိ Line Up အသစ်မှာတော့ Player အကုန်လုံးက တူရကီနိုင်ငံသားများဖြစ်ကြပြီး Laning ပိုင်းအနေနဲ့ကတော့ Exp Laner – Alien Jungler – Tienzy Mid Laner – Rosa Gold laner – Sunshine Roamer – APEX47 တို့ဖြစ်ကြပါတယ်။ ယခု Incendio Supermacy မှာ Exp Laner အဖြစ်ဆော့ကစားနေတဲ့ Alien ဟာဆိုရင် မနှစ်ကကျင်းပခဲ့တဲ့ M3 World Championship မှာလဲ BEDEL အသင်းမှာ ဆော့ကစားခဲ့ဖူးတဲ့ player တစ်ယောက်ဖြစ်ပါတယ်။ Tienzy နဲ့ APEX47 တို့ဟာဆိုရင်ဖြင့် မူလ Incendio ကိုစတင်ခဲ့သော player ၂ယောက်ဖြစ်ပါတယ်။မူလ Incendio အသင်းဟာဆိုရင်လဲ 2021 ခုနှစ် 11လပိုင်းမှာကျင်းပခဲ့သော East Meet West Esport Turnuvasi မှာလဲ Champion ကိုလည်းဆွတ်ခူးခဲ့ပါတယ်။ Mid laner (Mage player) အဖြစ်ဆော့ကစားခဲ့တဲ့ Rosa အနေနဲ့ကတော့ပြိုင်ပွဲအတွေ့အကြုံမရှိသေးတဲ့ ကစားသမားတစ်ဦးဆိုပေမဲ့ မနေ့က M4 World Championship Group Stage Day 1 မှာတော့ Blacklist International အသင်းကို lunox နဲ့စိတ်ဒုက္ခပေးခဲ့ပီး၊ ဒုတိယပွဲအနေနဲ့ Falcon Esports ကိုလည်း Pharsa နဲ့ team form ကိုဖျက်စီးခဲ့တဲ့ underrated new player အဖြစ်တင်စားလို့ရတဲ့ player ဖြစ်ပါတယ်။ မနက်ဖြန်မှာဆိုရင်လဲ Incendio Supermacy က Cambodia MPL Champion ဖြစ်တဲ့ Burn X Flash နဲ့ Match 2 ကိုမြန်မာစံတော်ချိန်နေ့လည်၂နာရီခွဲအချိန်မှာဆော့ကစားသွားမှာဖြစ်ပါတယ်။ M4 ရဲ့ Group A မှာတော့ M4 ရဲ့အင်အားအကောင်းဆုံးလို့ရေပန်းစားနေတဲ့ အသင်းများပါဝင်တာကြောင့် Upper Bracket တက်ရောက်မယ့်အသင်းတွေအတွက် တော်တော်ကိုခက်ခဲကြမ်းတမ်းမယ့် Group တစ်ခုဖြစ်ပါတယ်။ ယခုလိုပြိုင်ဆိုင်မှုပြင်းထန်လှသော M4 World Championship ပွဲစဉ်တွေကို တိုက်ရိုက် ( Live ) ကြည့်ရှုနိုင်ဖို့အတွက် Mahar Esports TV ရုပ်သံလိုင်းမှာ ဆက်လက်စောင့်ကြည့်ပေးရန်ဖိတ်ခေါ်အပ်ပါတယ်။      

Leave a Reply