BTR VS GPX
Mobile Legends Women Invitational 2023 (MWI) မှာတော့ Back to Back Champion အသင်းအနေနဲ့ Bigetron Era အသင်းက ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ် ။ Grand Final Bo5 ပွဲစဉ်မှာ အကောင်းဆုံးလက်စွမ်းပြပြီး တစ်သင်းလုံး အကောင်းမွန်ဆုံး ယှဉ်ပြိုင်ခဲ့ပြီး GPX Basreng အသင်းကို 3-0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။ MWI 2022 မှာလည်း Champion ဆုကိုသိမ်းပိုက်ခဲ့တဲ့ Bigetron Era အသင်းဟာ ယခု 2023 MWI ပွဲမှာလည်း Champion ဆုကိုထိုက်တန်စွာဆွတ်ခူးခဲ့ပြန်ပါတယ်။တ စ်ယောက်တည်းကြိုးစားမှုကြောင့်မဟုတ်ပဲ တစ်သင်းလုံးစည်းလုံးမှုကြောင့်ရရှိခဲ့တာဖြစ်တဲ့အတွက် Bigetron Era အသင်းကို Mahar Esports ကနေဝမ်းသာဂုဏ်ယူမိပါတယ်။   နောက်ထပ်လာမည့် ပွဲစဉ်များစွာတွေကိုလည်း  Mahar Esports TV ရုပ်သံလိုင်း ၊ Facebook Page ၊ Youtube ချန်နယ်တို့မှတဆင့် တိုက်ရိုက် ( Live ) ထုတ်လွှင့်ပြသသွားမှာလည်း ဖြစ်ပါတယ် ။ ဒါကြောင့်မလို့ Mahar Esports Page ကို ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော် ။    

Leave a Reply