BTR VS GPX

Mobile Legends Women Invitational 2023 (MWI) မှာတော့ Back to Back Champion အသင်းအနေနဲ့ Bigetron Era အသင်းက ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ် ။ Grand Final Bo5 ပွဲစဉ်မှာ အကောင်းဆုံးလက်စွမ်းပြပြီး တစ်သင်းလုံး အကောင်းမွန်ဆုံး ယှဉ်ပြိုင်ခဲ့ပြီး GPX Basreng အသင်းကို 3-0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။ MWI 2022 မှာလည်း Champion ဆုကိုသိမ်းပိုက်ခဲ့တဲ့ Bigetron Era အသင်းဟာ ယခု 2023 MWI ပွဲမှာလည်း Champion ဆုကိုထိုက်တန်စွာဆွတ်ခူးခဲ့ပြန်ပါတယ်။တ စ်ယောက်တည်းကြိုးစားမှုကြောင့်မဟုတ်ပဲ တစ်သင်းလုံးစည်းလုံးမှုကြောင့်ရရှိခဲ့တာဖြစ်တဲ့အတွက် Bigetron Era အသင်းကို Mahar Esports ကနေဝမ်းသာဂုဏ်ယူမိပါတယ်။…