Aura Brazil အသင်းပေါ်ထွက်လာမှာလား ?????
Indonesia နိုင်ငံအသင်းတစ်သင်းဖြစ်တဲ့ Aura Fire ဟာ Brazil နိုင်ငံမှာ အခြေစိုက်ဖို့ပြင်ဆင်နေတယ်လို့ Leak တွေထွက်နေပါတယ်။Brazil pub star တစ်ချို့နှင့် နာမည်ကြီးကစားများစုစည်းထားတဲ့ Echo Loud အသင်းဟာ Brazil Tier D ပွဲစဉ်ဖြစ်တဲ့ Campus Elysium 2023 – January ပြိုင်ပွဲမှာတော့ Aura Pyron အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။ထူးခြားချက်ကတော့ အဲ့ဒီပွဲမှာ Aura Fire မှာ roamer အဖြစ်ဆော့ကစားနေတဲ့ god1va ဟာ Aura Pyron မှာ Assistant Coach အနေနဲ့ပါဝင်နေခြင်းကြောင့်ပဲဖြစ်ပါတယ်။God1va ရဲ့ live အတွင်းမှာလည်း တစ်ချို့ Information များပေါက်ကြားခဲ့ပါတယ်။Aura Pyron မှ player တွေရဲ့ live stream မှာသတင်းတချို့ပေါက်ကြားမှုတွေရှိလာပါတယ်။Indo မှာတောင် RRQ vs AURA ပြိုင်ဆိုင်ရုံသာမက Brazil မှာပါ Rrq Akira နှင့် Aura Pyron တို့ကအပြိုင်အဆိုင်ပဲဖြစ်လားမလားဆိုတာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။  

Leave a Reply