အကောင်းဆုံး Collab တစ်ခုဖြစ်တဲ့ MLBB နဲ့ Kung Fu Panda
မကြာသေးခင်ကပဲ Mobile Legends ဟာ Kung Fu Panda လိုနာမည်ကြီး Movie Series နဲ့ Collaboration ပြုလုပ်ခဲ့ပြီး Mobile Legends ထဲက Hero တွေဖြစ်ကြတဲ့ Akai, Thamuz, Ling တို့ကို Kung Fu Panda, General Kai နဲ့ Lord Shen အနေနဲ့ Skins တွေထွက်ရှိလာတာဖြစ်ပါတယ်။ ဒီ Skins တွေကိုတော့ August 20 ကစတင်တာ ဖြစ်ပြီး အရင်ကလုပ်ခဲ့တဲ့ Event တွေဖြစ်တဲ့ Transformers နဲ့ Star Wars Events တွေလိုမျိုး Event အနေနဲ့လာမှာ ဖြစ်ပါတယ်။ ဒီ Skin တေကိုတော့ In Game Diamonds 6500 ခန့်အသုံးပြုရမှာဖြစ်ပြီး ပထမ 10x Draw မှာတော့ Thamuz ရဲ့ General Kai skin ကိုရရှိမှာဖြစ်ပါတယ်။ ပြီးရင်တော့ ဒီ Event က Diamonds အသုံးပြုပြီး ပြန်လည် ရရှိလာတဲ့ Jade Ornaments လေးတွေကိုစုဆောင်းပြီး Kung Fu Panda နဲ့ Lord Shen Skin တွေအပြင် Event မှာပါဝင်လာမယ့် Recall နဲ့ Sticker တွေကိုလည်း လဲလှယ်နိုင်မှာ ဖြစ်ပါတယ်။ အခုလို ကျွန်တော်တို့ ငယ်စဉ်က ကြိုက်နှစ်သက်ခဲ့ရတဲ့ Kung Fu Panda နဲ့ Mobile Legends တို့ရဲ့ Collaboration ကို ပရိတ်သတ်ကြီး အနေနဲ့ နှစ်သက်ရဲ့လား ထင်မြင်ချက်လေးတွေကို ရေးပေးခဲ့ဦးနော်။

Leave a Reply