မလေးရှားမှာ ပထမဆုံး ကျင်းပတော့မယ့် Pokemon Unite Tournament
Timi Studio နဲ့ The Pokemon Company တို့ပူးပေါင်းပြီး ထုတ်လုပ်ခဲ့တဲ့ Pokemon Unite Game ဟာထွက်ရှိခဲ့တာ ယခုဆိုရင် တစ်နှစ်ကျော်သွားပြီဖြစ်ပါတယ်။ ယခုအခါမှာတော့ Pokemon Unite ဟာ မလေးရှားမှာ Yoodo Company နဲ့ပူးပေါင်းပြီး ပထမဦးဆုံးအကြိမ် Tournament အနေနဲ့ ကျင်းပတော့မှာ ဖြစ်ပါတယ်။ Pokemon Unite ဟာ Apirl 2022 ရဲ့စာရင်းများအရ တစ်ကမ္ဘာလုံးတွင် ဆော့ကစားသူပေါင်း 70 Millions ထိရှိနေတာဖြစ်ပါတယ်။ အခုကျင်းပမယ့်ပြိုင်ပွဲဟာ မလေးရှား esports ကစားသမားများ ပိုမိုတောက်ပလာစေဖို့ရည်ရွယ်တယ်လို့လည်း Yoodo Company ရဲ့ တာဝန်ရှိသူ Chow Tuck Mun ကဆိုပါတယ်။ ပြိုင်ပွဲဝင်ခွင့်များကို July 27 မှ August 30 ထိစာရင်းပေးသွင်းနိုင်ပြီး Grand Final ကိုတော့ september 10 မှာကျင်းပမှာဖြစ်ပါတယ်။ ဆုကြေးအနေနဲ့ US$ 20,000 ထိပေးအပ်သွားမှာဖြစ်ပြီးအတော်လေးအကျိတ်အနယ်ဖြစ်မယ့်ပြိုင်ပွဲတစ်ခုဖြစ်မှာပါ။

Leave a Reply