မူးယစ်ဆေးဝါးမှောင်ခိုလုပ်နေတယ်လို့ စွပ်စွဲချက်အပေါ် ပြန်လည်တုံ့ပြန်လိုက်တဲ့ Bren Esports Founder
Bren Esports တည်ထောင်သူနှင့် ဥက္ကဋ္ဌ Bernard “Bren” Lu Chong ဟာ သတင်းအများအပြား ဖော်ပြခဲ့ကြတဲ့ လတ်တလောသတင်းတွေကို ပယ်ချရန် တရားဝင်ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ Chong (Bren Esports Founder) ဟာ 2019 ခုနှစ်မှာ မူးယစ်ဆေးဝါးမှောင်ခိုကူးရန် ကြိုးပမ်းမှုတစ်ခုနှင့် ဆက်စပ်နေတယ်လို့ ဖိလစ်ပိုင်ဝဘ်ဆိုက်နှစ်ခုက မကြာသေးမီက အခိုင်အမာဆိုခဲ့ပါတယ်။ Chong ကတော့ ဆောင်းပါးတွေမှာ ပါရှိတဲ့ စွပ်စွဲချက်အစီရင်ခံစာတွေကို တုံ့ပြန်ဖို့ Twitter ပေါ်မှာ စာတင်ခဲ့ပါတယ်။ “ကျွန်တော် နှစ်ပေါင်းများစွာ ပြုစုခဲ့တဲ့ နာမည်ကောင်းကို ဖျက်ဆီးပစ်နိုင်တဲ့ ဒီလိုပြောဆိုမှုတွေကို ပြတ်ပြတ်သားသား ငြင်းဆိုပါတယ်” လို့ Twitter မှာရေးသားခဲ့သည်။
                      Esports ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ Jake Lucky ရဲ့ အဆိုအရ Chong ဟာအဓိကကျတဲ့ ကုန်တင်ကုန်ချ ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံခဲ့ပေမယ့် ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ရွက်မှုများမှာတော့ လက်ဝါးကြီး အုပ်ထားဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Lucky ဟာ Choung ရဲ့ အခြေအနေတွေကို ရှင်းပြခဲကာ တစ်မိနစ်စာ ဗီဒီယို ကို လွှင့်တင်ခဲ့ပြီး ယင်းစွတ်စွပ်ချက်အဆိုများကို မှားယွင်းကြောင်း ဖော်ပြခဲ့ပါတယ်။ Chong ဟာ Bren Esports အပြင် ဖိလစ်ပိုင်နဲ့အရှေ့တောင်အာရှမှာရှိတဲ့ စီးပွားရေးလုပ်ငန်းများစွာကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ “ကျွန်တော်က ရင်းနှီးမြုပ်နှံတဲ့လုပ်ငန်းရှင်တစ်ယောက်ပါ။ ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေကို မြင်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ ရင်းနှီးမြုပ်နှံပါတယ်”လို့ Chong က ရေးသားခဲ့ပါတယ်။ Chong က သူနဲ့ခင်မင်ရင်းနှီးတဲ့လူတွေက သူ့အတွက် သက်သေတွေ ဖြစ်နိုင်တယ် လို့ဆိုပါတယ်။ “အပြစ်မဲ့သူတွေကို ကာကွယ်ပေးတဲ့ တရားစီရင်ရေးစနစ်ကို ကျွန်တော်ယုံကြည်ပြီး အမှန်တရားက အမြဲတမ်း စိုးမိုးနေမှာပါ။ ဒါက မင်းမှာရှိနေတဲ့ သံသယတွေကို ရှင်းရှင်းလင်းလင်းဖြစ်စေဖို့ ငါမျှော်လင့်ပါတယ် ဒီကြိုးစားနေချိန်အတွင်းမှာ မင်းရဲ့အားပေးကူညီမှုအတွက် ကျေးဇူးတင်တယ်” ဟု ရေးသားခဲ့ပါတယ်။

Leave a Reply