ဒိုင်နိုဆောကြီးBarats ကိုဘယ်လိုဖြေရှင်းမလဲ
           အားလုံးသိတဲ့အတိုင်း Barats ဆိုတဲ့ Hero ဟာခုနောက်ပိုင်း Tank Jungler အနေနဲ့ Meta ပြန်ဖြစ်လာတဲ့အချိန်မှာ ပြန်လည်ဆော့ကစားလာကြတာကိုတွေ့ရပါတယ်။ MPL ပွဲစဥ်တွေမှာလည်း Tank Jungler အနေနဲ့ Durable ပုံစံဆော့ကစားလာတဲ့အခါမျိုးမှာ Barats ကိုပြန်လည်ပွဲထုတ်ဆော့ကစားလာကြတာကိုလည်းမြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အရမ်းလည်းမာပြီး ဘာ Spell မှ အထိသိပ်မနာလောက်အောက်ကို မာတေနေတဲ့ Barats ကိုဘယ်လို Hero တွေက Counter ပြီးဖြေရှင်းနိုင်လဲဆိုတာကိုပြောပြပေးသွားပါမယ်။
Atlas
              Tank Hero တစ်ကောင်ဖြစ်တဲ့ Atlas ကတော့ Barats ကို Counter လို့ကောင်းတဲ့ Tank hero တစ်ကောင်ဖြစ်ပါတယ်။ Barats ရဲ့ Passive ဖြစ်တဲ့ Big Guys က Stacks များရင်များသလိုမာပြီး Damage ထွက်နိုင်တာမို့ Attack Speed နဲ့ movement speed ကို 50% ထိလျော့ပေးနိုင်တဲ့ Frigid Breath Passive ရှိတဲ့ Atlas အနေနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ Full Teams battle တွေမှာအရမ်းအရေးပါတဲ့အပြင် Ultimate ဖြစ်တဲ့ Fatal Links နဲ့လည်း Barats ရဲ့ Detona’s Welcome Ultimate ကိုဖျက်နိုင်တာကြောင့် Barats ပါလာတဲ့အခါမှာ ရွေးချယ်သင့်တဲ့ Tank ​hero တစ်ကောင်ဖြစ်ပါတယ်။
Esmeralda
             Mage အပြင်ကိုမှ မာလည်းမာ Shield လည်းတတ်တဲ့အပြင် Magic Damage လည်းပါတဲ့ Esmeralda က Barats ကိုအေးဆေး Face to Face ရင်ဆိုင်နိုင်တဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ Esmeralda ရဲ့ Frost Moon Shield တွေကလည်း Stardust Dance လှည့်နိုင်သရွေ့ shield တွေထပ်ခါတလဲလဲတတ်နေတာဖြစ်တာကြောင့် ခေါင်းတိုးဝင်တတ်တဲ့ Barats အနေနဲ့ သတ်ရခက်မှာဖြစ်ပါတယ်။ Offlane အနေနဲ့တွေ့မယ်ဆိုရင်တော့ Esmeralda အနေနဲ့ Barats ကိုအေးဆေးအမှောက်သိပ်နိုင်မှာဖြစ်ပါတယ်။
Valir
             Mage Hero တွေထဲမှာတော့ Valir က Bararts ကို မီးမြိုက်ပေးမယ့် hero တစ်ကောင်ပဲဖြစ်ပါတယ်။ Barats လို Hero မျိုးက အရမ်းခေါင်းတိုးတတ်တာမို့ Valir ရဲ့ Level 1 ဖြစ်တဲ့ Burst Fireball ကို ဝင်လာတဲ့အချိန်တိုင်းဆက်တိုက်သုံးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင်မို့ ခေါင်းတိုးဝင်တတ်တဲ့ Barats အတွက်အတော်လေးခေါင်းခဲစေမှာပါ။ ဒီ့အပြင် အနားကပ်လာရင်လည်း Level 2 ဖြစ်တဲ့ Searing Torrent နဲ့အဝေးကိုတွန်းထုတ်နိုင်တာကြောင့် Barats အနေနဲ့ အဝေးကလှမ်းမျှော်ကြည့်နေရမယ့် Crush လေးလိုပဲ အဝေးကိုရောက်နေမှာဖြစ်ပါတယ်။

Leave a Reply