ဓားသွားကြားက Gusion ကို Counter နည်း
အားလုံးသိကြတဲ့အတိုင်း MLBB ထဲက Gusion ဆိုတဲ့ Mage Assassin က ကိုင်တွယ်တတ်ဖို့ အနည်းငယ် လေ့ကျင့်ဖို့လိုအပ်သလို ကိုင်တတ်သွားရင်လည်း Enemy တွေဟာသူ့ရဲ့ Skill Combo တွေဖြစ်တဲ့ ဓားသွားတွေအောက်မှာတင် ဘာမှမလုပ်နိုင်ဖြစ်သွားစေမယ့် Hero တစ်ကောင်ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Gusion ရဲ့ရန်ကိုမကြောက်ရလေအောင် Counter နိုင်မယ့် Hero တွေကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ Lolita Gusion ကတစ်ဖက်အသင်းမှာပါလာခဲ့ရင်ရွေးချယ်လို့အကောင်းဆုံး Tank Hero က Lolita ဖြစ်ပါတယ်။ Gusion ရဲ့ အနားကိုဝင်လာနိုင်တဲ့ Level 1 ဖြစ်တဲ့ Sword Spike ကို Lolita ရဲ့ Level 2 ဖြစ်တဲ့ Guardian’s Bulwark နဲ့ ကာထားလို့ရသလို Gusion ရဲ့ Ultimate ဖြစ်တဲ့ Incandescence နဲ့အနားရောက်လာရင်လည်း level 1 ဖြစ်တဲ့ Charge နဲ့ Stun ပေးနိုင်တာကြောင့် Gusion ကိုတကယ် ဒုက္ခပေးလို့ကောင်းတဲ့ Tank တစ်ကောင်လည်း ဖြစ်ပါတယ်။ Lunox Mage hero ထဲမှာတော့ Lunox က Gusion ကို Counter လို့အကောင်းဆုံး hero တစ်ကောင်လို့ပြောရင်လည်း မမှားပါဘူး။ Lunox ရဲ့ Counter ပုံကတော့အခြား Hero တွေနဲ့ မတူပါဘူး။ သူ့အနေနဲ့က Gusionရဲ့ Sword Spike ကို Ultimate ဖြစ်တဲ့ Order and Chos နဲ့ ရှောင်လို့ရသလို Dark Side Damage နဲ့လည်းပြန်လည်ပစ်လို့ရတာမို့ နှစ်ကျော့ပြန် Counter လို့ရတဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။   Ruby Ruby ကတော့ Gusion ကို Counter တဲ့အထဲမှာ ကိုင်ရအလွယ်ဆုံး Hero တစ်ကောင်ဖြစ်ပါတယ်။ Gusion အနေနဲ့ ခေါင်းတိုးတတ်တဲ့ Hero မို့ လို့ တကယ်လို့အနားရောက်လာတာနဲ့ I am offended နဲ့ဖမ်းပြီး Stun ပေးလို့ရသလို Spell Vamp တွေပါတာကြောင့် Semi Tank နဲ့ Spell Vamp တွေနဲ့ကိုင်လို့ကောင်းတဲ့ Hero တစ်ကောင် ဖြစ်ပါတယ်။      

Leave a Reply