၂၀၂၃ ခုနှစ်အတွက် Mahar Esports မှ နှစ်သစ်ဆုတောင်း

2022 ပြက္ခဒိန်ရက်စွဲများကုန်ဆုံးပြီး 2023 ရက်စွဲများဆီသို့ ကူးပြောင်းတော့မယ့်အချိန်မှာ ကျွန်တော်တို့ Mahar Esports အနေနှင့် နိုင်ငံသူနိုင်ငံသားအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာ အစစအရာရာအဆင်ပြေကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် ။ Mahar Esports ကိုအားပေးနေကြသူတစ်ယောက်ချင်းစီအတွက်ကော Myanmar Esports Community အတွက်ကော Mahar Esports ဝိုင်းတော်သားများအနေနဲ့ ပိုမိုအကျိုးပြုနိုင်တဲ့အဖွဲ့အစည်းဖြစ်လာဖို့ ပိုပြီးအားထုတ်ကြိုးစားသွားပါ့မယ်လို့လည်းအသိပေးလိုက်ရပါတယ် ။ ၂၀၂၂ မှာကြုံတွေ့ခဲ့ရတဲ့ အဆိုးအကောင်းအတွေ့အကြုံဟူသမျှ သင်ခန်းစာယူအကောင်းဆုံးပြန်လည်ပြင်ဆင်ပြီး ၂၀၂၃ မှာလည်းကြုံဆုံလာသမျှအခက်အခဲတွေကို အတူတူရင်ဆိုင်လိုက်ကြရအောင်ဗျို့ ………… #mahar_esports #mahar_esport #happy_new_year #welcome_2023 #myanmar_esports #mahar_esports_tv

“ Black Myth : Wukong ” ဂိမ်းရဲ့ သင် မသိသေးတဲ့အချက်များ…….

ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ “အနောက်အရပ်သို့ ခရီးသွားခြင်း”/ “Journey To The West” ဆိုတဲ့ ဇာတ်လမ်းတွဲထဲက လူကြီး/လူငယ်မရွေး ကြိုက်ခဲ့ရတဲ့ မျောက်မင်းစွန်းဝူခုန်းကို ဂိမ်းတွေအတော်အများမှာ မြင်တွေ့ခဲ့ရပြီးပြီဆိုပေမယ့် သူ့ရဲ့ Story နဲ့သီးသန့်ထွက်ရှိလာမယ့် ဂိမ်းကို မကြာမီ တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီတစ်ခေါက် Games Scoop အစီအစဉ်ကနေ ဝူခုန်းဂိမ်း လို့ လူသိများတဲ့ “ Black Myth : Wukong” ဂိမ်းထဲက ပရိသတ်တွေ မသိသေးတဲ့ စိတ်ဝင်စားစရာအချက်တွေကို  တင်ဆက်ပေးမှာဖြစ်ပါတယ်။ Development အရင်ဆုံး ဒီဂိမ်းကို ဖန်တီးထားတဲ့ Developer အကြောင်းကိုပြောပြချင်ပါတယ်။ဒီ “ Black Myth : Wukong ” ဂိမ်း က AAA Type Action…