SEA GAMES နှင့် Mobile Legends Bang Bang
2019 Philippines Sea Games

2019 ခုနှစ် Philippines SEA Games မှာ Esports ဂိမ်းတွေကို ပထမဦးဆုံး အကြိမ်အဖြစ် စတင်ထည့်သွင်းကျင်းပခဲ့ပြီး Mobile Legends Bang Bangဟာလည်း Esports ဂိမ်းတစ်ခုအနေနဲ့ ပါဝင်လာခဲ့ပါတယ်။ Ardam,Yato,Dee အစရှိတဲ့ နာမည်ကြီး MLBB Player တွေနဲ့ ဖွဲ့စည်းထားတဲ့ Team Cyanide (Mobile Legends Bang Bang) အသင်းဟာ ထိုအချိန်က တခြားသော နာမည်ကြီးအသင်းတွေဖြစ်တဲ့ Claw Esports,YG,Burmese Ghouls တို့ပါဝင်ယှဥ်ပြိုင်ခဲ့ကြတဲ့ SEA Game 2019 Myanmar Qualifier မှာ Champion ဖြစ်ခဲ့ပြီးနောက် 2019 Philippines SEA Games မှာ မြန်မာကိုယ်စားပြု အနေနဲ့ သွားရောက် ယှဥ်ပြိုင်ခဲ့ပြီး ရမှတ် ၅ မှတ် အဆင့် ၇ နေရာ နဲ့ စိတ်မကောင်းစွာနဲ့ အုပ်စု အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။အိမ်ရှင်ဖိလစ်ပိုင် နိုင်ငံက အဆင့် ၁၊အင်ဒိုနီးရှားက အဆင့် ၂ နဲ့ မလေးရှားနိုင်ငံတို့က အဆင့် ၃ နေရာတို့ကို အသီးသီး ရရှိခဲ့ကြပါတယ်။

2021 Vietnam Sea Games

2021ခုနှစ် Vietnam Sea Games မှာလည်း ထိုအချိန်က လက်စွမ်းပြနေတဲ့ လက်ရှိ နာမည်ကြီး Player တွေ ဖြစ်တဲ့ PS,Oh My Gennie တို့အပါအဝင် အခြားသော တက်သစ်စ လူငယ် Player တွေနဲ့ ဖွဲ့စည်းခဲ့တဲ့ Trend Esports ဟာ မြန်မာကိုယ်စားပြုအနေနဲ့ သွားရောက်ယှဥ်ပြိုင်ခဲ့ပြီး ရမှတ် ၃ မှတ် နဲ့ အဆင့် ၆ နေရာသာ ရရှိခဲ့ပြီး အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံက အဆင့် ၁၊အင်ဒိုနီးရှားက အဆင့်၂ နဲ့ စင်ကာပူနိုင်ငံက အဆင့် ၃ နေရာတို့ကို ရရှိခဲ့ကြပါတယ်။

2023 Cambodia Sea Games

ယခုလက်ရှိ ကျင်းပနေပြီဖြစ်တဲ့ 2023 Cambodia Sea Games မှာတော့ ပြည်တွင်းမှာ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားပြီး အကောင်းဆုံးလက်စွမ်းပြနေတဲ့ Falcon Esports အသင်းဟာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင် သွားမှာဖြစ်ပြီး ဘယ်လိုမျိုး ရလဒ်ကောင်းတွေကို ထပ်မံယူဆောင်လာပေးနိုင်မလဲဆိုတာကို Mahar Esports ရဲ့ Facebook Page နဲ့ Youtube Channel တို့မှတစ်ဆင့် ကျွန်တော်တို့ မြန်မာအသင်းရဲ့ Sea Game Mobile Legends Bang Bang ပွဲစဥ် တွေကို တိုက်ရိုက် (Live) စောင့်မျှော်အားပေးကြည့်ရှုနိုင်မှာ လည်း ဖြစ်ပါတယ်။

#mobilelegends #seagames #seagames2019 #seagames2021 #seagames2023 #seagamesphillipines #seagamesvietnam #seagamescambodia #seagamesmoment #esports #esportsmyanmar #mahar #maharesports #esportsnews #esport #esports #mlbb #ml #mobilelegendsbangbang #mobilelegendsgame #moba #mobilelegendsinfo #mobilelegendstournaments #mobilelegendstournament #mobillelegendscompetition #tournamentmlbb #falcon #teammyanmar #falconesports

Leave a Reply