Mahar Professional Championship (Women’s Tournament) – 2022 တွင် play-off stage မတိုင်မှီ DQ သွားသောအသင်းများ
Mahar Esports မှ စီစဉ်ကျင်းပနေတဲ့ Mahar Professional Championship(Women’s Tournament) ပြိုင်ပွဲကြီးရဲ့ Group C နဲ့ Group D တို့မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Anaerobe Human အသင်းနှင့် Classy Sassy Girls အသင်းတို့ဟာ အခက်အခဲအမျိုးမျိုးကြောင့် Playoff Stage ကို လာရောက်မယှဉ်ပြိုင်နိုင်တဲ့အတွက် ပြိုင်ပွဲကနေထွက်ခွာဖို့ တရားဝင်တောင်းဆိုလာခဲ့ပါတယ်။ သည့်အတွက်ကြောင့် ပြိုင်ပွဲစီစဉ်ကျင်းပရေးတာဝန်ရှိသူများအနေနဲ့ ပြိုင်ပွဲအချိန်ဇယားကို အနည်းငယ်အပြောင်းအလဲ ပြုလုပ်ခဲ့ရပြီး လာရောက်မယှဉ်ပြိုင်နိုင်တဲ့ Anaerobe Human အသင်းနှင့် Classy Sassy Girls အသင်းတို့နဲ့ တွေ့ဆုံရမယ့် Team Royal Aeris နဲ့ Cyanide Ultra အသင်းတွေကို Lower Bracket ရဲ့ဒုတိယအဆင့်ကို တက်ရောက်ခွင့်ပြုသွားမည် ဖြစ်ပါတယ်။ ပြောင်းလဲထားတဲ့ ပြိုင်ပွဲအချိန်ဇယားနဲ့ပွဲစဉ် Bracket တွေကိုတော့ မကြာမှီ ဆက်လက်ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ Christmas အားလပ်ရက်မှာ ကောင်မလေးချောချောလေးတွေ ယှဉ်ပြိုင်တဲ့ ပွဲကိုလည်း ကြည့်ရင်း ကိုယ်အားပေးတဲ့ အသင်းရဲ့ Jersey တွေ Shirt တွေလည်း ရရှိသွားမှာမို့ Mahar Esports ရဲ့ Live Stream တွေမှာ အမြဲရှိနေပေးဖို့ လိုအပ်တယ်နော်…..

Leave a Reply