Indonesia နိုင်ငံ Jakarta မြို့မှာ ပြုလုပ်ကျင်းပမယ့် M4
MLBB developer ဖြစ်တဲ့ Moonton ဟာ 2023 January 1 ရက်နေ့မှာစတင်ကျင်းပမယ့် M4 World Championship ကြီးကို Indonesia နိုင်ငံ Jakarta မြို့မှာကျင်းပမှာဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်မယ့် International အသင်းပေါင်း 16 သင်းရှိပြီး အမေရိကန်ဒေါ်လာ 800,000 (Philippine ငွေ 44 သန်းကျော်) ဆုကြေးများ ပါဝင်ပါတယ်။ အင်ဒိုနီးရှား၏ Esports နယ်ပယ်ဟာ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း အဆမတန်ကြီးထွားလာတဲ့အတွက် Jakarta အား အိမ်ရှင်အဖြစ် Moonton မှ ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ ပြည်တွင်း MPL Indonesia သည် Season 9 တွင် တစ်ပြိုင်နက် ကြည့်ရှုသူ 2.8 သန်းအထိ ရှိခဲ့ပြီး နိုင်ငံ၏ အမြင့်ဆုံး franchise စနစ်ကို အကောင်အထည်ဖော်သည့် ပထမဆုံး Esports League ဖြစ်ရုံသာမက ပြည်တွင်းဆုပေါင်း USD 300,000 ရရှိခဲ့ပါတယ်။ဒါ့အပြင် MPL Indonesia နှင့် MDL နှစ်ခုလုံးမှ ပြည်တွင်း MLBB ပရော်ဖက်ရှင်နယ်ကစားသမားများ 300 ကျော်ကိုလဲ မွေးထုတ်ပေးခဲ့ပါသေးတယ်။ Esports နဲ့ Gaming fans တွေအနေနဲ့ လာမယ့် M4 MLBB Championship ပွဲကြီးအတွက် ဘယ်လို In-game activities တွေ Jakarta မှာ ဘယ်လို On-ground Campaigns တွေလာမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Leave a Reply