ခမာတွေကို အသာအယာရိုက်ခဲ့တဲ့ “Falcon Esports” Falcon Vs Burn X Flash (Review)
Draft Pickမှာထဲက Burn x Flashက CHMAရဲ့ Fanny Pickကို ဘယ်သူထိန်းမှာလဲ ဆိုပြီး စိတ်ပူခဲ့ရတဲ့ပွဲလေးပါ ။ Naomiရဲ့ Grockကပဲ Counter Pick မဟုတ်ပေမယ့် သူ့ရဲ့wallတွေကပဲ တစ်ဖက်အသင်း Fanny အတွက် အိမ်မက်ဆိုးဖြစ်စေခဲ့ပါတယ် ။ Kennရဲ့ Lingကလဲ Burn x Flash ရဲ့ zoning mage ဖြစ်တဲ့ CCatရဲ့ Yve ကို Ulti ကောင်းကောင်းမသုံးနိုင်အောင် Battleတွေတိုင်းမှာ Aim နိုင်ခဲ့ပါတယ် ။ Early Game မှာ Falcon Esports က Hero Kill တွေ Fanny နဲ့ Yve ကြောင့် ပေးထားရတယ်ဆိုပေမယ့် Zippxရဲ့ Harith Pick က Gold Lane မှာတော်တော်လေးအလုပ်ဖြစ်ခဲ့ပြီး aggressive ဆန်ဆန်ဆော့ပြသွားခဲ့တာကိုလည်း တွေ့ရပါတယ် ။ Grock နဲ့ Lapu ရဲ့ Combo တွေကလဲ တစ်ဖက်အသင်းကို Battle ဆိုင်ဖို့ ခက်ခဲစေခဲ့ပြီး Grock ရဲ့ Flicker+Wild Chargeကလဲ Burn x Flashကို Battleဆိုင်ရတာ ခက်ခဲစေခဲ့ပါတယ် ။ Mid Game မှာ Harith နဲ့ Lapu Performance တွေက အရေးကြီးခဲ့ပြီး Fanny ကလဲ Blue Buff ရဖို့အရေး တော်တော်လေး ရုန်းကန်ခဲ့ရပါတယ် ။ Third Lord Battleမှာ Falcon Esportsအနေနဲ့ Hero Kill 3 ကောင်ပြန်ပေးလိုက်ရပေမယ့် Reborn Time ပြန်ထွက်လာချိန်မှာတော့ Top Lane Battle မှာ Hesa ရဲ့ Kerrie ကို Grock Flicker + Wild Charge သုံးလိုက်ချိန် Burn x Flash က Battle ကို အလောတကြီးပြန်ဆိုင်လိုက်ပြီး Hero Kill တွေ ပြန်ပေးလိုက်ရချိန်မှာတော့ Mid Lane ကနေ Falcon အသင်း အုပ်စုလိုက်တက်ပြီး တစ်ကောင်ထဲကျန်သော D7ရဲ့ Mathilda ကို အပြတ်ဖြတ်ပြီး Throne ကို ဖြိုခွဲကာ အနိုင်တစ်မှတ် အရယူသွားနိုင်ခဲ့ပါတယ် ။ နောက်ထပ်ပွဲစဉ်တွေမှာလည်း ပြည်တွင်းကပရိသတ်တွေ မျှော်လင့်ထားသလို Falcon Esports အနေနဲ့ ဘယ်လိုအောင်မြင်မှုတွေရရှိနိုင်မလဲ???? ဘယ်အသင်းတွေကများ ဒီနှစ် M4 ပြိုင်ပွဲကြီးရဲ့ ချန်ပီယံဆုကြီးကို ဆွတ်ခူးသွားမလဲ???? ဆိုတာတွေအပြင် MLBB ပရိသတ်တွေစောင့်မျှော်နေတဲ့ M4 ပြိုင်ပွဲကြီးရဲ့ အကြိတ်အနယ်ဖြစ်လာမယ့်ပွဲစဉ်တွေကို တိုက်ရိုက် ( Live ) ကြည့်ရှုနိုင်ဖို့အတွက် Mahar Esports TV ရုပ်သံလိုင်းမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ။    

Leave a Reply