What is UBE??
UBE ခေါ် အူဘေး Strategy ဆိုတာဟာ Ultimate တွေကို Bonding စုပေါင်းချိတ်ဆက်ထားတဲ့ Strategy တစ်ခုဖြစ်ပါတယ်။အရှည်ကောက်ကတော့ Ultimate Bonding Experience ဖြစ်ပါတယ်။UBE Strategy ကို တစ်ချို့က အူဘေး Strategy လို့လဲခေါ်ဝေါ်ကြပါတယ်။UBE Strategy ဟာ 2021 အစောပိုင်း MSC 2021 လောက်မှာ ဖိလစ်ပိုင်နိုင်ငံမှာ စတင်ခေတ်စားခဲ့တဲ့ play style တစ်ခုဖြစ်ပါတယ်။
Ultimate တွေကို Bonding လုပ်ထားတယ်ဆိုတာဟာ
Ultimate တစ်ခုသုံးပြီး နောက်ထပ် Ultimate တစ်ခုနှင့်ပဲထပ်မှန်အားဖြည့်ပေးတယ်လို့လဲဆိုနိုင်ပါတယ်။UBE Strategy မှာ မဖြစ်မနေပါရမှာတော့ Support Hero တွေပဲဖြစ်ပါတယ်။လွယ်လွယ်ပြောရရင် Support Hero ၂ကောင်ထုတ်တာကိုလည်းဆိုနိုင်ပါတယ်။Support Hero တွေမှာတော့ မဖြစ်မနေ Healing ကောင်တွေဖြစ်တဲ့ Estes,Rafaela,Mathilda,Floryn တို့ပါရှိရပါမယ်။အခု 2022 Mage တချို့ Adjustments လုပ်ပြီးနောက်ပိုင်းမှာတော့ 2 support ပုံစံမျိုးသိပ်မတွေ့ရတော့ပဲ support အစား cc ပါတဲ့ slow effect Poke Damage Mage တွေကိုသုံးလာတာကိုတွေ့ရပါတယ်။
နောက်ပြီး UBE Strategy မှာ Assasin Heroကိုင်လို့မရပါဘူး။ Assasin hero တွေက Movement speed အရမ်မြန်ပြီး အများစုဟာBlink ပါတဲ့ Hero တွေဖြစ်ကြပါတယ်။ဒီလို Mobility မြင့်တဲ့ Hero တွေကို Support အနေနှင့် Heal ပေးမို့မလွယ်ကူပါဘူး။ Assasin Hero မကိုင်ရဘူးဆိုပေမဲ့ ချွင်းချက်အနေနှင့် Yi Sun Shin တစ်ကောင်တော့ကိုင်လို့ရပါတယ်။နောက်ထပ်အဓိကအချက်က Kill တွေရဖို့ထက် Objective ပိုင်နိုင်ဖို့ပါပဲ။Pick ကဘယ်လောက်ပဲကောင်းကောင်း Retri မပေါက်နိုင်လို့ Objectives Fail ခဲ့ရင်တော့ အလကားပါပဲ။
UBE ဟာ Early ပိုင်းမှာတော့ Enemy အသင်းထက်စာရင် အနည်းငယ်အားနည်းတက်တယ်။Early အမြဲ Late နေတာမျိုးမဟုတ်ပဲ Enemy ဘက်က Pick တဲ့ Hero ပေါ်လည်းအများကြီးမူတည်ပါသေးတယ်။နောက်ပြီး စိတ်ရှည်ရပါတယ်။ ကိုယ်တွေက Battle အရင်စဆိုင်တာထက် Enemy အမှားကိုစောင့်ပြီးပြန်ရိုက်ရတဲ့ Strategy မျိုးဖြစ်ပါတယ်။ Mid Game နှင့် Late Game ကတော့ UBE ရဲ့အချိန်ကောင်းပဲဖြစ်ပါတယ်။
UBE ရဲ့အားသာချက်ကတော့ Battle နှစ်ခါလောက်အသာလေးဆိုင်လို့ရပါတယ်။Battle ကြာကြာဆိုင်လို့ရတဲ့အပြင် Enemy ဆီကSpell တောင်းပြီး ပြန်ကျုံးလို့လည်းရပါသေးတယ်။ ကဲဒီတော့ UBE Strategy ကိုအသေးစိတ်နားလည်လောက်ပြီထင်ပါတယ်။ ညီကိုတွေလည်း UBE Strategy ကိုသုံးပြီး Rank အမြန်ဆုံးတက်နိုင်မယ်လို့မျော်လင့်ပါတယ်။

Leave a Reply