Update အသစ်နဲ့ Wild Pass ထဲက Super Hero Jayce Skin

ပြီးခဲ့တဲ့ September 10 ရက်နေ့ကပဲ League of Legends Wild Rift ရဲ့ အသစ်ထွက်ရှိလာမယ့် Wild Pass ထဲမှာ Super Hero Jayce Skin ပါဝင်လာမယ်လို့ Trailer နဲ့တကွ ဖော်ပြသွားပါတယ်။ Update Patch 3.4 နဲ့အတူ Ranked Season 7 အတွက် Wild Pass လည်းပါဝင်လာမှာဖြစ်ပြီး Champions အသစ်တွေလည်း အများကြီးထည့်သွင်းပေးသွားမယ်လို့ Riot က ကြေငြာထားပါသေးတယ်။ Update Patch ရဲ့ နာမည်ကို “Power Spike” လို့အမည်ပေးထားပြီး Gwen ၊ Yone ၊ Vex နဲ့ Warwick တို့ကိုလည်း Champions အသစ်တွေအဖြစ် မိတ်ဆက်ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ Items အသစ်တွေနဲ့ Enchants အသစ်တွေလည်း ပါဝင်လာမှာဖြစ်ပြီး Major Update တစ်ခုအဖြစ်အတော်များများ ပြောင်းလဲသွားမှာလည်း ဖြစ်ပါတယ်။ New Duel Mode ဆိုတဲ့ PvP Mode အသစ်တစ်ခုပါဝင်လာပြီး 1 vs 1 ဆော့ကစား၊ လက်စမ်းချင်တဲ့သူတွေအတွက်တော့ တကယ်မိုက်တဲ့ Mode တစ်ခုပါပဲ။ Events အသစ်တွေအနေနဲ့ Supreme Cells ၊ Power Spike Party ၊ Bewitching Vex Bingo တို့ကိုလည်း ဆော့ကစားလို့ရဦးမှာပါ။ Skin Line အသစ်တွေအများကြီးလည်း ပါဝင်လာမှာဖြစ်တာကြောင့် Riot ကတော့ ဟို Dota က ဖက်တီးနဲ့တခြားစီ User တွေကို အလေးထားပြင်ဆင်ပေးထားတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ တဖြည်းဖြည်းနဲ့ Player Base များလာတဲ့အလျှောက် နောက်ပိုင်းမှာလည်း တရားဝင်ပြိုင်ပွဲတွေ ပြုလုပ်ပေးဖို့ကိုလည်း မျှော်လင့်ရပါသေးတယ်။ ကဲ Mahar Esports ရဲ့ ပရိသတ်ကြီးရော Wild Pass အသစ်ကို အားရကြရဲ့လား?…..Champions အသစ်တွေထဲက ဘယ်ကောင်ကို စမ်းဆော့ဖို့ပြင်ထားလဲဆိုတာ Comments မှာ ရေးပေးသွားကြဦးနော် …..